ကုန်ဈေးနှုန်းသတင်း ၁၈.၈.၂၀၂၆

18 Aug

ဩဂုတ်လ ၁၈ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး ပြောင်းဆန်၊ အာလူးနဲ့ ကုလားပဲခြမ်းဈေးတွေကတော့ အနည်းငယ် တက်လာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ထန်းလျက်၊ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၁၀၇,၇၆၈ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၁၇,၄၁၃ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၁၆၅ ကျပ်ကနေ ၅,၆၅၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၁၈၀ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၆,၃၅၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၃,၀၄၀ ကျပ်ကနေ ၁၅,၅၈၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၁၇၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၃,၇၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၂,၆၆၅ ကျပ်ကနေ ၁၃,၈၃၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၅၀ ကျပ်ကနေ ၁,၇၇၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၇၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၇,၆၆၅ ကျပ်ကနေ ၈,၃၃၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၆,၄၀၀ ကျပ်၊ ကြက်သွန်ဖြူ(အောင်ပန်း) တစ်ပိဿာကို ၅,၈၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၆,၃၆၅ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/အသား) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၆၀၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ အာလူး (အောင်ပန်း) တစ်ပိဿာကို ၂,၂၀၀ ကျပ်ကနေ ၄,၂၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေ ပုစွန်) တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၂၇၀,၀၀၀ ကျပ်၊ ငါးရွှေ(ကြီး/လတ်/သေး) တစ်ပိဿာကို ၂၆,၀၀၀ ကျပ်ကနေ ၄၀,၀၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၁၁,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၇ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၄၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၆၅၀ ကျပ်၊ မန္တလေးမှာ ၃,၈၀၅ ကျပ်၊ နေပြည်တော်မှာ ၃,၇၅၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၇၇၀ ကျပ်၊ မန္တလေး မှာ ၃,၉၂၅ ကျပ်၊ နေပြည်တော်မှာ ၃,၈၈၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၀၂၀ ကျပ်၊ မန္တလေးမှာ ၄,၁၇၀ ကျပ်၊ နေပြည်တော်မှာ ၄,၁၂၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၈၇၀ ကျပ်၊ မန္တလေးမှာ ၅,၀၂၅ ကျပ်၊ နေပြည်တော်မှာ ၄,၉၇၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ် (၇,၀၅၀,၀၀၀ိ/-) သိန်းခုနစ်ဆယ် ငါးသောင်းကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ (၁၀,၁၀၀,၀၀၀ိ/-) သိန်းတစ်ရာ တစ်သိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

18 Aug

ADVERTISE HERE .