“ဘာစီလိုနာအသင်းနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ ရောက်ရှိနေပြီဖြစ်တဲ့ ရိုဒရီ”
18 Aug
မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီ ဟာ ဘာစီလိုနာအသင်းနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ ရောက်ရှိလာခဲ့ပါတယ်။ ရိုဒရီ ဟာ လာလီဂါချန်ပီယံဘာစီလိုနာအသင်းနဲ့ လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမှာ ဖြစ်ပြီး ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေးအတွက် ပေါင် ၆၅ သန်းဝန်းကျင် ကုန်ကျမှာ ဖြစ်ပါတယ်။ ရိုဒရီက ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားအားလုံး ရယူသွားလိုတယ်လို့ ကြုံးဝါးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် Ballond'Or ဆုရှင် ရိုဒရီ ဟာ မန်စီးတီးအသင်းနဲ့အတူ ချန်ပီယံလိဂ် တစ်ကြိမ်၊ ပရီးမီးယားလိဂ် လေးကြိမ်အပါအဝင် ဆုဖလား ၁၃ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရိုဒရီ ဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အကောင်းဆုံးပုံစံပြသနိုင်ခဲ့ကာ စပိန်အသင်း ကမ္ဘာ့ချန်ပီယံ ဖြစ်စေဖို့ အဓိကကူညီပေးခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ (NVS 008)
18 Aug