“ကစားသမားဘဝ နောက်ဆုံးနှစ် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့တဲ့ စီရော်နယ်လ်ဒို”
18 Aug
အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို က ယခုနှစ်က သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးနှစ်ဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ စီရော်နယ်လ်ဒို က စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ကစားသမားဘဝက အနားယူဖွယ်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုက ကစားသမားဘဝက အနားမယူခင် ဂိုး ၁,၀၀၀ ပြည့်သွင်းယူနိုင်ဖို့ ရည်မှန်းထားသူဖြစ်ပြီး လက်ရှိအချိန်မှာ ၂၄ ဂိုးသာ လိုတော့ကြောင်း သိရပါတယ်။ စီရော်နယ်လ်ဒိုက သြဂုတ်လ ၁၁ ရက်မှာ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်နဲ့ တရားဝင် လက်ထပ်ခဲ့ပါတယ်။ (NVS 008)
18 Aug