“ဒီလပ် ကိုပါ ထပ်မံခေါ်ယူဖို့ ချိန်ရွယ်နေတဲ့ ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်”
18 Aug
ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ် က အသင်းဟောင်း ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူ ချာလိုဘာ ကို ခေါ်ယူခဲ့ပြီးနောက် တိုက်စစ်မှူး ဒီလပ် ကိုပါ ထပ်မံခေါ်ယူဖို့ ချိန်ရွယ်နေကြောင်း သိရပါတယ်။ ကိုမိုအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် ရရှိထားတာကြောင့် အားဖြည့်မှုတွေ ပြုလုပ်နေပြီး အင်္ဂလန်နောက်ခံလူ ချာလိုဘာ ကို ယူရိုသန်း ၃၀ နဲ့ ခေါ်ယူထားပါတယ်။ ထပ်မံပြီး အင်္ဂလန်တိုက်စစ်မှူး ဒီလပ် ကို ခေါ်ယူဖို့ ချိန်ရွယ်နေတာဖြစ်ပြီး ချဲလ်ဆီးအသင်းက ပေါင်သန်း ၄၀ အလိုရှိနေကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းက ဒီလပ် ကို ၂၀၂၅ နွေရာသီမှာ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူထားခြင်းဖြစ်ပြီး လက်ရှိ အချိန်မှာတော့ ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒီလပ် ကို ခေါ်ယူဖို့ နော်တင်ဟမ်ဖောရက်စ်၊ နယူးကာဆယ်နဲ့ အဲဗာတန်အသင်းတို့ကလည်း စိတ်ဝင်စားနေပြီး ဒီလပ် က ပရီးမီးယားလိဂ်မှာ ဆက်ကစားဖို့ ပိုမိုလိုလားနေကြောင်း သိရပါတယ်။ ဒီလပ် က ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၄၇ ပွဲကစားရာမှာ ၃ ဂိုးသာ သွင်းယူထားပါတယ်။ (NVS 008)