“ပတ်ဒရိုနက်တို ကို ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့တဲ့ အယ်လ်ဟီလာအသင်း”
18 Aug
ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ပတ်ဒရိုနက်တို ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အယ်လ်ဟီလာအသင်းက ပတ်ဒရိုနက်တို ကို ၂၀၃၁ ခုနှစ်အထိ စာချုပ်နဲ့ တစ်နှစ်လစာ ယူရို ၁၈ သန်းပေးအပ်ဖို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် အယ်လ်ဟီလာအသင်းက ချဲလ်ဆီးအသင်းနဲ့ ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးတော့မှာဖြစ်ပြီး ယူရိုသန်း ၆၀ ဝန်းကျင်နဲ့ စတင်ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ပတ်ဒရိုနက်တို က ဝုလ်ဗ်ကနေ ချဲလ်ဆီးအသင်းကို ယူရိုသန်း ၆၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး စာချုပ်သက်တမ်းက ၂၀၃၁ ခုနှစ်အထိ ရှိနေပါတယ်။ (NVS 008)
18 Aug