“ ဗာဒီ ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားတဲ့ ဆော်ပေါ်လိုအသင်း”

18 Aug

ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းက လက်စတာအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဂျေမီဗာဒီ ကို ခေါ်ယူဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ အသက် ၃၉ နှစ်အရွယ် ဗာဒီ ဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေကလပ် ခရီမိုနီဆီအသင်းမှာ ကစားခဲ့သူဖြစ်ပြီး အသင်းတန်းဆင်းခဲ့ရတာကြောင့် လမ်းခွဲခဲ့ကာ အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ဆော်ပေါ်လိုအသင်းက ဗာဒီ ကို လစာ တစ်ပတ်ပေါင် ၂၅,၀၀၀ နှုန်းနဲ့ ကမ်းလှမ်းထားခြင်းဖြစ်ပါတယ်။ ဗာဒီ က လက်စတာအသင်းမှာ ပွဲပေါင်း ၅၀၀ ကစားကာ ဂိုးပေါင်း ၂၀၀ သွင်းယူခဲ့တဲ့ ဝါရင့်အင်္ဂလန် တိုက်စစ်မှူးဖြစ်ပြီး လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့တဲ့ ၂၀၁၅-၁၆ ရာသီမှာ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆု ရရှိခဲ့သူလည်းဖြစ်ပါတယ်။ (NVS 008)

18 Aug

ADVERTISE HERE .