“အီရန်စစ်ပွဲအဆုံးသတ်ရန် အဟန့်အတားပြုလုပ်လာပါက အိုမန်ကို ဗုံးကြဲမည်ဟု ထရမ့် စခြိမ်းခြောက်”

18 Aug

အီရန်စစ်ပွဲကို အဆုံးသတ်ရန်ကြိုးပမ်းနေစဉ် အိုမန်နိုင်ငံဘက်မှ အဟန့်အတားပြုလုပ်လာမည်ဆိုပါက အိုမန်ကိုဗုံးကြဲမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ်လ ၁၇ ရက်တွင် ခြိမ်းခြောက်ပြောဆိုလိုက် သည်။ အမေရိကန်ဦးဆောင်သည့် အီရန်စစ်ပွဲ စတင်ခဲ့ခြင်းသည် ၆ လနီးပါး ကြာမြင့်လာခဲ့ပေမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်မရရှိသေးဘဲ ရေရှည်ကြန့်ကြာနေချိန်မှာ ထရမ့် က အခုလိုသတိပေးချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ထရမ့် က အိုမန်နိုင်ငံသာ အဟန့်အတား ပြုလုပ်လာပါက ၎င်းတို့ကို ပြင်းပြင်းထန်ထန်ဗုံးကြဲပစ်မည်ဟု Fox News သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုတွင် ပြောခဲ့သည်။ ကမ္ဘာ့ရေလမ်းကြောင်းမှ ရေနံတင်ပို့မှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာနေသည့် မဟာဗျူဟာမြောက် ဖြစ်သော ဟော်မုရေလက်ကြားသည် စစ်ပွဲကြောင့် သင်္ဘောသွားလာမှုများ ပိတ်ဆို့နေခဲ့သည်။ ရေလက်ကြား မြောက်ဘက်တွင် အီရန်နိုင်ငံရှိပြီး တောင်ဘက်၌ အိုမန်နိုင်ငံတည်ရှိနေတာကြောင့် နှစ်နိုင်ငံစလုံးသည် ရေလက် ကြားကို ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲများ ပြုလုပ်နေခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် နှစ်နိုင်ငံကြား ရေလမ်းကြောင်းသတ်မှတ်ရေးအတွက် သဘောတူညီချက်ရရှိပြီဟု သိရကြောင်း TG သတင်းဌာနဖော်ပြချက်အရ သိရသည်။

18 Aug

ADVERTISE HERE .