“တောင်ကိုရီးယားနှင့်ပူးပေါင်းဆောင်ရွက်မည့် စစ်ရေးလေ့ကျင့်မှုများကို လျှော့ချရန် သမ္မတထရမ့် ညွှန်ကြား”
18 Aug
အမေရိကန်နှင့်တောင်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်ရန်ရှိသည့် စစ်ရေးလေ့ကျင့်မှုများကို လျှော့ချ ရန် သမ္မတထရမ့်က ဩဂုတ်လ ၁၆ ရက်တွင် ပင်တဂွန်စစ်ဌာနချုပ်အား ညွှန်ကြားခဲ့ကြောင်း သိရသည်။ လူမှု မီဒီယာပို့စ်တစ်ခုတွင် မိမိအနေဖြင့် အမေရိကန်၏ တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မည့် ကိစ္စရပ်များ အပေါ် နှစ်မြို့ခြင်းမရှိကြောင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နှင့်မိမိအကြား ကောင်းမွန်သည့် ဆက်ဆံရေးရှိခြင်းကလည်း ယခုကဲ့သို့ဖြစ်လာစေရေးအကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု ထရမ့် ကပြောကြား သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုများအတွက် ကုန်ကျစရိတ်ကို အမေရိကန်က အများဆုံးကျခံခြင်းဖြစ်ကာ ၎င်းကဲ့သို့ စစ်ရေးလေ့ကျင့်မှုများဆောင်ရွက်ခြင်းသည် မြောက်ကိုရီးယားအပေါ် ရန်လိုသည့်သဘောထားဆောင် သည့်အတွက် မိမိသမ္မတရာထူးတာဝန် ထမ်းဆောင်နေစဉ်ကာလအတွင်း မြောက်ကိုရီးယားအပေါ် ခြိမ်းခြောက် ခြင်းပြုမည်မဟုတ်ဘဲ လေးစားစွာဆက်ဆံမည်ဟု ထရမ့်က ပြောကြားခဲ့သည်။ ထို့ကြောင့် အချိန်မလွန်မီကာလ အတွင်း အမေရိကန်က တောင်ကိုရီးယားနှင့်ပူးတွဲဆောင်ရွက်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချရန် ကာကွယ်ရေးဝန်ကြီးအား မိမိညွှန်ကြားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။