“လဝက ဒုတိယဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေး”
18 Aug
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ဒေါက်တာ ခိုင်ခိုင်စိုး ကို နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံးက အမိန့်အမှတ်(၆၃ /၂၀၂၆)နဲ့ ဩဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒေါက်တာ ခိုင်ခိုင်စိုး ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄ ၊ ပုဒ်မခွဲ (က)၊ (ဃ)နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရပြောင်းလဲတာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် လစ်လပ်သွားခဲ့သော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ဦးရဲထွန်းဦး ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရခန့်အပ်တာဝန်ပေးခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/၂၀၂၆ ဖြင့် သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ (NVS 008)