“လေးမျက်နှာမြို့နယ်မှာ ရေဘေးရှောင်စခန်းဖွင့်ထားတဲ့ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ အလှူငွေ ၈၁၈ သိန်း လှူဒါန်း”

18 Aug

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ ဖြစ်ပွားလျက်ရှိတဲ့ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့် နေတဲ့ ဘုန်းတော်ကြီးကျောင်းများ၊ ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း စုစုပေါင်း ၁၀၂ ကျောင်း ရှိကြောင်း သိရပါတယ်။ အဆိုပါကျောင်းများအတွက် ပုသိမ်မြို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ အလှူငွေကျပ် ၈၁၈ သိန်းကို ဩဂုတ်လ ၁၅ ရက်က မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ လှူဒါန်းရရှိတဲ့ အလှူငွေကျပ် ၈၁၈ သိန်းကို ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၊ ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးကျောင်းများနှင့် ရေဘေးသင့်သီလရှင်ကျောင်းများသို့ လိုအပ်ချက်အလိုက် ဆက်လက်ဖြန့်ခွဲ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

18 Aug

ADVERTISE HERE .