“ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကာဇက်စတန်နိုင်ငံ၊ အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေး”
18 Aug
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားဝင်ခရီးစဉ်သွားရောက်ရန်အတွက် ဩဂုတ်လ ၁၇ ရက်နံနက်ပိုင်းမှာ နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်နဲ့ ထွက်ခွာလာခဲ့ပြီး ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ကာဇက်စတန်သမ္မတနိုင်ငံ၊ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိရာ အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီ၊ ကာဇက်စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြ ပါတယ်။ တွေ့ဆုံရာမှာ မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်သူများက ရွေးကောက်တင်မြှောက်သည့် နိုင်ငံတော်အစိုးရမှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်သမ္မတ အနေနဲ့ နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ချိန်မှစ၍ ပြည်ပနိုင်ငံများသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်များသွားရောက်ခဲ့ပြီး နိုင်ငံတကာ၊ ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်မှုများဆောင်ရွက်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍများမှာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)