“နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ်မှ အစိုးရအဖွဲ့အကြီးအကဲများနှင့်တွေ့ဆုံဆွေးနွေး”

18 Aug

နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန် ပြည်နယ်၊ ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဩဂုတ်လ ၁၇ ရက် နံနက် ၁၀ နာရီမှာ ရောက်ရှိခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတ ဦး‌ဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ရာဂျာစတန် ပြည်နယ်ဆေးဝါးနှင့် ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ဇော်မိုးလွင် နှင့်တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြခဲ့ကြပါတယ်။ အဲဒီနောက် နိုင်ငံတော်သမ္မတက လေဆိပ်ဧည့်ခန်းမဆောင်မှာ ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့် ကျန်းမာရေး ဝန်ကြီးအား တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ၊ နှစ်နိုင်ငံပြည်သူများအကြား ကူးလူး ဆက်ဆံမှုများစွာရှိပြီး နှစ်နိုင်ငံဆက်ဆံရေးက လက်ရှိအချိန်မှာ ဒေသအတွင်း အကောင်းဆုံးဖြစ်တဲ့ အခြေအနေများ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ နယ်စပ် ကုန်သွယ်မှုများတိုးမြှင့်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)

18 Aug

ADVERTISE HERE .