“ဘာစီလိုနာအသင်းကစားသမား ဖာရန်တောရက်စ် ကို ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုခဲ့တဲ့ PSGအသင်း”

17 Aug

ပြင်သစ်ထိပ်သီး PSG အသင်းဟာ ဘာစီလိုနာအသင်းရဲ့ စပိန်ကြယ်ပွင့်တိုက်စစ်ကစားသမား ဖာရန်တောရက်စ်ကို ခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ PSG အသင်းဟာ ဖာရန်တောရက်စ် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ အသုံးပြုခဲ့ပြီး ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ PSG အသင်းအနေနဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂွန်ကာလိုဟယ်မို့စ်၊ မူအာနီတို့ကို ရောင်းထုတ်ခဲ့ပြီး ဘာကိုလာကိုလည်း အသင်းကထွက်ခွင့်ပေးထားတာကြောင့် ဖာရန်တောရက်စ် ကို ပြန်လည် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဖာရန်တောရက်စ် ဟာ PSG အသင်းနဲ့ ပူးပေါင်းခဲ့ပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ ‌ဖာရန် တောရက်စ်အနေနဲ့ PSG အသင်းမှာ ခါဗရာစကယ်လီယာ၊ ဒမ်ဘီလီ၊ ဒူအီတို့နဲ့အပြိုင် ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်ရမှာ ဖြစ်ပါတယ်။ (NVS 008)

17 Aug

ADVERTISE HERE .