“အီရန်ဆိပ်ကမ်းများကို အကန့်အသတ်မရှိ ပိတ်ထားနိုင်စွမ်းရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောကြား”
15 Aug
အီရန်ဆိပ်ကမ်းများအား ရေတပ်အင်အားဖြင့် ပိတ်ဆို့ထားမှုကို အမေရိကန်နိုင်ငံအနေဖြင့် အချိန်ကာလ အကန့်အသတ်မရှိ ပိတ်ထားနိုင်စွမ်းရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက် က ဩဂုတ်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ အမေရိကန်တပ်မတော်အနေဖြင့် အီရန်ကို ရေကြောင်းပိတ်ဆို့မှု ပြုလုပ်ထားရေးအတွက် အရှေ့ ပင်လယ်ပိုင်းဒေသ၌ ရေတပ်အင်အားကို ကာလအကန့်အသတ်မဲ့ ထားရှိနိုင်စွမ်းရှိကြောင်း ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက် က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ပြင် ရေကြောင်းပိတ်ဆို့များဖြင့် အီရန်နိုင်ငံအပေါ် စီးပွားရေးအရ ဖိအားပေးမှုများကို မြှင့်တင်မည် ဖြစ်ကြောင်းလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။ အီရန်နိုင်ငံသည် ဇွန်လ ၁၇ ရက်တွင် ရယူခဲ့သော စစ်ရေးပဋိပက္ခပြီးဆုံးရေး ယာယီသဘောတူညီချက် ပျက်ပြားခဲ့ရပြီးနောက် ဟော်မုဇ် ရေလက်ကြား ရေလမ်းကြောင်းများကို ပိတ်ဆို့၍ အမေရိကန်နိုင်ငံကို တန်ပြန်ဖိအားပေးရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။