“တရုတ်က AI နည်းပညာသုံးပြီး ကိုယ်ပျောက်တိုက်လေယာဉ်များကို ခြေရာခံလာနိုင်”

14 Aug

ကမ္ဘာ့အဆင့်အမြင့်ဆုံး ကိုယ်ပျောက်တိုက်လေယာဉ်များသည် အမေရိကန်နိုင်ငံထုတ် F-35 နဲ့ F-22 တို့ ဖြစ်ကြောင်း လေ့လာသူများက ပြောထားပေမယ့် ယခုအခါ တရုတ်နိုင်ငံ၏ AI နည်းပညာအောက်တွင် ကိုယ်ပျောက်လေယာဉ်ဆိုတာ မရှိလာနိုင်တော့ဘဲ ၎င်းတို့၏အားနည်းချက်ဖြစ်သော အပူငွေ့ထွက်ရှိခြင်းကို တရုတ်သုတေသန ပညာရှင်များက အခွင့်ကောင်းယူကာ ကိုယ်ပျောက်တိုက်လေယာဉ်များကို ထောက်လှမ်း နိုင်သည့် AI နည်းပညာကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ထို AI နည်းပညာက အပေါ့စား AIစနစ်ဖြစ်ပြီး ကိုယ်ပျောက် တိုက်လေယာဉ်များတွင် အသုံးပြုသည့် အပူငွေ့ထွက်ရှိမှုကို ကောင်းစွာအာရုံခံနိုင်စွမ်းရှိသည်ကို တွေ့ရသည်။ တရုတ်သုတေသနပညာရှင်များ၏ သုတေသနတစ်ခုဖြစ်သော အဆိုပါ AI နည်းပညာသည် F-35 နဲ့ F-22 တို့ကို ပစ်မှတ်ထားနိုင်သည်အထိ အောင်မြင်မှုရရှိခဲ့တာကို တွေ့ရှိသည်။ ထိုစနစ်များကို အနာဂတ်တွင် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များမှာသာ တပ်ဆင်မည်ဆိုပါက ဒုံးကျည်သည် ပစ်မှတ်နောက်ကို ထက်ကြပ်မကွာ လိုက်နိုင်စွမ်း ပိုမိုမြင့်မားလာမှာဖြစ်ကြောင်း သုတေသနပညာရှင်တစ်ဦးဖြစ်သည့် ကျန်းရှန်က ပြောထားသည်။ ထိုသုတေသနကို လုပ်ဆောင်သူများသည် ပေကျင်းနည်းပညာတက္ကသိုလ်မှပညာရှင်များဖြစ်ပြီး ၎င်းတို့နှင့် အတူ လက်တွဲကာ တရုတ်လေကြောင်း ချီဒုံးကျည်အကယ်ဒမီနှင့် အမျိုးသားအဆင့် စမ်းသပ်ခန်းတစ်ခုတို့၏ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုဖန်တီးထားသည့် နည်းပညာကို ဒုံးကျည်များ၏ အနီအောက် ရောင်ခြည်သုံး ပုံရိပ်ဖော်စနစ်များတွင် တပ်ဆင်သွားမှာ ဖြစ်သည့်အတွက် အဆိုပါနည်းပညာ၏ ပစ်မှတ် အမျိုးအစား ခွဲခြားနိုင်စွမ်း တိကျမှုသည် ၉၇ ဒသမ ၁ ရာခိုင်နှုန်းအထိရှိကြောင်း SCMP သတင်းဌာနဖော်ပြချက်အရ သိရသည်။

14 Aug

ADVERTISE HERE .