“ဟော်မုရေလက်ကြားပြန်ဖွင့်ပြီ ဟူသော အမေရိကန်၏ပြောဆိုချက်ကို အီရန် ပယ်ချ”
14 Augဟော်မုရေလက်ကြားပြန်ဖွင့်လိုက်ပြီဆိုသည့် အမေရိကန်တာဝန်ရှိသူများ၏ ပြောဆိုချက်ကို အီရန်ဘက်မှ တာဝန်ရှိသူများက ငြင်းဆိုလိုက်သည်။ ဟော်မုရေလက်ကြားကို ပိတ်ဆို့ထားခြင်းမရှိတော့ဘူးဆိုသည့် အမေရိကန် တာဝန်ရှိသူများ၏ ပြောဆိုချက်များနှင့် ထုတ်ပြန်ချက်များသည် လက်တွေ့မြေပြင်အခြေအနေကို ပြောင်းလဲနိုင် ခြင်းမရှိဘူးလို့ ပါရှန်းပင်လယ်ကွေ့ရေလက်ကြားအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ပါရှန်းပင်လယ်ကွေ့ ရေလက်ကြားအုပ်ချုပ်ရေးအဖွဲ့သည် အီရန်နိုင်ငံမှဟော်မု ရေလက်ကြားထိန်းချုပ်ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ ဖြစ် သည်။ အဓိကအနေဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များအပေါ် အီရန်က တုံ့ပြန်ထားခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံအနေဖြင့်လည်း ဟော်မုရေလက်ကြားကို အပြည့်အဝထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း နှင့် ရှေ့လျှောက်လည်း ဆက်လက်ထိန်းချုပ်သွားမှာဖြစ်ကြောင်း ထရမ့် က လူမှုကွန်ရက်တွင် တင်ထားသည်။ ထို့အပြင် အမေရိကန်၏ရေတပ်ပိတ်ဆို့မှုသည် အီရန်ဘက်မှစိန်မခေါ်ရဲသည့် သံမဏိတံတိုင်းကြီးဖြစ်တယ်လို့ လည်း ထရမ့် က ပြောထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။