“အန်းဒရစ် ကို အငှားနဲ့ခေါ်ယူဖို့ မန်ယူ၊ ချဲလ်ဆီး၊ အက်စတွန်ဗီလာနဲ့ ရိုးမားတို့ စိတ်ဝင်စားနေ”

10 Aug

ရီးရဲလ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး အန်းဒရစ် ကို အငှားနဲ့ခေါ်ယူဖို့ မန်ယူ၊ ချဲလ်ဆီး၊ အက်စတွန်ဗီလာနဲ့ ရိုးမားအသင်းတို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အန်းဒရစ် က ရီးရဲလ်အသင်းမှာ အမ်ဘာပေ နဲ့ ကားလို့စ်အက်စ်ပီ တို့ရဲ့နောက် တတိယဦးစားပေးတိုက်စစ်မှူး အဖြစ်သာ ရပ်တည်ရမယ့်အခြေအနေကြောင့် ပုံမှန်ပွဲကစားခွင့်ရမယ့်အသင်းကို အငှားနဲ့ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိ နေခြင်းဖြစ်ပါတယ်။ အန်းဒရစ် က ဥရောပယှဉ်ပြိုင်ခွင့် အထူးသဖြင့် ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရတဲ့ အသင်း၊ အထောင်တိုက်စစ်မှူးအဖြစ် ကစားခွင့်ရမယ့်အသင်းကိုသာ ပြောင်းရွှေ့ကစားဖို့ သတ်မှတ်ထားကြောင်း သိရပါတယ်။ အန်းဒရစ်က ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ လိုင်ယွန်အသင်းကို အငှားနဲ့ပြောင်းရွှေ့ကစားခဲ့ပြီး ၂၁ ပွဲကစား၊ ၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အန်းဒရစ်ကို အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ချဲလ်ဆီးအသင်းက ဥရောပဝင်ခွင့်မရရှိဘဲ ကျန် ၃ သင်းကတော့ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့်ရရှိထားကြပါတယ်။ (NVS 008)

10 Aug

ADVERTISE HERE .