“ဂျွန်စတုန်းစ် ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလိုက်တဲ့ အင်တာမီလန်အသင်း”

31 Jul

အင်တာမီလန်အသင်းဟာ ဂျွန်စတုန်းစ် ကို ၂၀၂၈ ခုနှစ်အထိ ၂ နှစ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဂျွန်စတုန်းစ် ဟာ ဇူလိုင်လ ၁ ရက်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး လမ်းခွဲထားတာ ဖြစ်ပါတယ်။ ဂျွန်စတုန်းစ် ကို ချဲလ်ဆီး၊ အာဆင်နယ်နဲ့ ဂျူဗင်တပ်စ် တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း အင်တာမီလန်အသင်းက ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အင်တာမီလန် အသင်းက ဂျွန်စတုန်းစ်ကို တစ်နှစ်လစာ ယူရို ၄ သန်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ ဘန်စလေအသင်းမှာ ကစားသမားဘဝစတင်ခဲ့ပြီး အဲဗာတန်နဲ့ မန်စီးတီးအသင်းမှာပဲ ကစားခဲ့ဖူးတာကြောင့် အခုပထမဆုံးအကြိမ်အဖြစ် ပြည်ပထွက်ကစားခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

31 Jul

ADVERTISE HERE .