“မွန်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပစ္စည်းများ ကလေးမြို့သို့ရောက်ရှိ”

26 Jul

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကဏ္ဍ အလိုက် ဌာန၊အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်ဖွဲ့စည်းထားသည့် ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ အဖွဲ့ဝင်များသည် ချင်းပြည်နယ်သို့ အလှည့်ကျသွားရောက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့နှင့်အတူ သက်ဆိုင်ရာနယ်မြေဒေသများအရောက် ကွင်းဆင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါတယ်။ ဇူလိုင်လ ၂၅ ရက်တွင် ချင်းပြည်နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က ပေးပို့ထောက်ပံ့သော ခေါက်ဆွဲခြောက်နှင့် စားသောက်ကုန်ခြောက်မျိုးစုံပါ အထုပ် ၁၃၂ ထုပ်၊ ချပ်ဖာ ၁၄၅ ဖာ၊ စားဆီ ငါးလီတာဘူး ၃၆၈ ဘူးနှင့် နှစ်လီတာဘူး ၁၅ ဘူး စုစုပေါင်းအလေးချိန် ကီလိုဂရမ် ၇,၅၉ဝ ကို တပ်မတော် လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကလေးမြို့သို့ ရောက်ရှိပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါထောက်ပံ့ပစ္စည်းများနှင့်အတူ ချင်းပြည်နယ်ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦး ဦးဆောင်သော သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်း များမှ တာဝန်ရှိသူများလည်း လိုက်ပါသွားခဲ့ကြပါတယ်။(NVS 008)

26 Jul

ADVERTISE HERE .