“အိုင်စီစီရှေ့နေချုပ် ကာရင်မ်ခန်းကို ရာထူးမှ ဖယ်ရှား”
26 Jul
နိုင်ငံတကာရာဇဝတ်တရားရုံး(အိုင်စီစီ) ရှေ့နေချုပ် ကာရင်မ်ခန်း ကို ရာထူးမှဖယ်ရှားရန် အိုင်စီစီအဖွဲ့ဝင် နိုင်ငံများက ဇူလိုင်လ ၂၄ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ ရုံးဝန်ထမ်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာအရ စော်ကားမှုများပြုလုပ်ခဲ့ကြောင်း စွပ်စွဲချက်များပေါ်ထွက်ပြီး နှစ်နှစ်နီးပါးအကြာတွင် အိုင်စီစီအဖွဲ့ဝင်နိုင်ငံများက ကာရင်မ်ခန်း ကို အိုင်စီစီရှေ့နေချုပ်ရာထူးမှ ဖယ်ရှားရန် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ၏ အိုင်စီစီဖျက်သိမ်းရေးလှုပ်ရှားမှု အပါအဝင် စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရချိန်တွင် ရှေ့နေချုပ် ကာရင်မ်ခန်း ကို အိုင်စီစီအဖွဲ့ဝင်နိုင်ငံများက ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။ ဗြိတိန်ရှေ့နေတစ်ဦး ဖြစ်သည့် ကာရင်မ်ခန်း သည် ပြစ်ချက်များနှင့် တာဝန်ဝတ္တရားပျက်ကွက်မှုများ ကျူးလွန်ခဲ့ကြောင်း အိုင်စီစီ အဖွဲ့ဝင်နိုင်ငံများညီလာခံက ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြထားသည်။ ကာရင်မ်ခန်း ကို ရာထူးမှ ဖယ်ရှားရေးအတွက် အိုင်စီစီအဖွဲ့ဝင်နိုင်ငံများ ညီလာခံသည် ဇူလိုင်လ ၂၄ ရက် တွင် လျှို့ဝှက်မဲပေးပွဲစနစ်ဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ အဖွဲ့ဝင်နိုင်ငံ ၁၂၅ နိုင်ငံအနက် ၈၅ နိုင်ငံတို့က ကာရင်မ်ခန်းကို ရာထူးမှဖယ်ရှားရေး ထောက်ခံမဲပေးခဲ့ကြသည်။ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့အခြေစိုက် အိုင်စီစီတရားရုံးသည် ရောမစာချုပ်ဖြင့် ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် တည်ထောင်ခဲ့သော နိုင်ငံတကာတရားရုံးဖြစ်ကြောင်း သိရသည်။