“လုပ်ကြံခံရနိုင်မှုကြောင့် ထရမ့် လေယာဉ်ပြောင်းစီး”

26 Jul

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် လုပ်ကြံခံရနိုင်ခြေရှိသည်ဟူသော သတင်းကြောင့် တူကီယဲ နိုင်ငံ၌ ကျင်းပနေသည့် နေတိုးတပ်ဖွဲ့ထိပ်သီးအစည်းအဝေးမှ အပြန်တွင် ပုံမှန်မဟုတ်ဘဲ လေယာဉ်ကို ပြောင်းလဲ စီးနင်းခဲ့ကြောင်း နယူးယောက်တိုင်းသတင်းစာက ထုတ်ဖော်ရေးသားခဲ့သည်။ ထရမ့် သည် ကာတာနိုင်ငံမှနေ၍ လက်ဆောင်ရရှိထားပြီး ရေဒါနှင့် ဒုံးကျည်ကာကွယ်ရေးစနစ် စုံလင်စွာ မတပ်ဆင်ရသေးသည့် Boeing 747-8 လေယာဉ်အသစ်ကို စီးနင်းမည့်အစား မူလလက်ဟောင်းသမ္မတစီး လေယာဉ်ဖြစ်သည့် Air Force One ကို ပြောင်းလဲစီးနင်းခဲ့ခြင်းဖြစ်သည်။ အီရန်၏ထောက်ပံ့မှု ရယူထားသော လက်နက်ကိုင်တပ်ဖွဲ့များက ဒေါ်နယ်ထရမ့် ကို တိုက်ခိုက်ရန်ကြံစည် နေကြောင်း ခိုင်မာသည့် ထောက်လှမ်းရေးသတင်းများ ရရှိခဲ့သည့်အတွက် အမေရိကန်လုံခြုံရေးအရာရှိများက ယခုကဲ့သို့စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ လေယာဉ်ပြောင်းစီးမှုသည် အီရန်၏ တိုက်ခိုက်မည့်အစီအစဉ်နှင့်ပတ်သက်၍ အစ္စရေးက အမေရိကန်ထံ ထောက်လှမ်းရေးသတင်းကို မျှဝေခဲ့သည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ သို့ရာတွင် အမေရိကန် အရာရှိ အချို့ကမူ အစ္စရေးသည် အီရန်အပေါ် အမေရိကန်၏ စစ်ရေးအရတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာစေရန် လှုံ့ဆော်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ အမေရိကန်နှင့် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဖေဖော်ဝါရီလက သေဆုံးသွားခဲ့ရသည့် အီရန်နိုင်ငံ၏ခေါင်းဆောင် အာယာတိုလာအလီခါမေနီ အပါအဝင် ထိပ်သီးစစ်ဘက်ခေါင်းဆောင်များအတွက် လက်တုံ့ပြန်မည်ဟု အီရန်နိုင်ငံ၏ ခေါင်းဆောင်အသစ်က ကတိပြုထားကြောင်း သိရသည်။

26 Jul

ADVERTISE HERE .