“စပိန်အသင်းက နည်းပြဒီလာဖွန်တီ အား ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ သက်တမ်းတိုးရန်စီစဉ်”
25 Jul
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ဆွတ်ခူးပေးနိုင်ပြီးနောက် စပိန်အသင်းက နည်းပြ ဒီလာဖွန်တီ အား ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရပါတယ်။ အသက် ၆၅ နှစ်အရွယ် နည်းပြ ဒီလာဖွန်တီ က စပိန်အသင်းကို ၂၀၂၃ ခုနှစ်က စတင်တာဝန်ယူခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ဆွတ်ခူးပေးနိုင်ခဲ့သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ချန်ပီယံဆုဖလား ဆွတ်ခူးပေးနိုင်ခဲ့တဲ့အတွက် အဓိကဆုဖလားနှစ်လုံးဆက် ဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်ပါတယ်။ နည်းပြ ဒီလာဖွန်တီ နှင့် စပိန်အသင်းတို့ စာချုပ်သက်တမ်းမှာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် စာချုပ်သက်တမ်းကုန်ဆုံးခဲ့လို့ စပိန်အသင်းက မကြာမီ သက်တမ်းတိုးစာချုပ် ချုပ်ဆိုမှာဖြစ်ပါတယ်။ စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က လာမည့် ယူရို ၂၀၂၈ ပြိုင်ပွဲနှင့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် ချန်ပီယံဆု များ ကာကွယ်ရမှာဖြစ်လို့ အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဒီလာဖွန်တီ အား ဆက်လက်တာဝန်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ ဒီလာဖွန်တီ က စပိန်အသင်းကို ပြိုင်ပွဲစုံ ၄၉ ပွဲတွင် ၃၉ ပွဲ အနိုင်ရရှိကာ ခုနစ်ပွဲသရေနှင့် သုံးပွဲရှုံးနိမ့်ပြီး ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။(NVS 008)