“သက်တမ်းတိုးစာချုပ်ညှိနှိုင်းမှု အဆင်မပြေသဖြင့် ဘာစီလိုနာအသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့တဲ့ ဖာရန်တောရက်စ်”

25 Jul

ဘာစီလိုနာအသင်း တိုက်စစ်ကစားသမား ဖာရန်တောရက်စ် က အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ရာ အဆင်မပြေခဲ့လို့ လက်ရှိအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ် ထားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက ဘာစီလိုနာအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် စပိန်အသင်းနှင့်အတူပါဝင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် အသင်းအတွက် အရေးပါတဲ့ တစ်လုံး တည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဖာရန်တောရက်စ် ကို လက်ရှိအပြောင်းအရွှေ့ကာလတွင် ရောင်းချဖွယ်ရှိနေပြီး ၎င်းအား အစောပိုင်းကတည်းက ပီအက်စ်ဂျီအသင်းအပြင် ပရီးမီးယားလိဂ် ကလပ်အသင်းကြီးအများစုက ခေါ်ယူရန် စီစဉ်နေတာဖြစ်ပါတယ်။(NVS 008)

25 Jul

ADVERTISE HERE .