“အီရန်နှင့် ဟူသီအုပ်စုတို့ကို အပြစ်ပေးမည်ဟု သမ္မတ ဒေါ်နယ်ထရမ့် ပြောကြား”

25 Jul

အီရန်နှင့် ၎င်း၏မဟာမိတ် ဟူသီသူပုန်အုပ်စုတို့ကို စစ်ရေးအရ ပြင်းထန်စွာအပြစ်ပေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။ ပင်လယ်နီရေပြင်အတွင်း၌ ဆော်ဒီအာရေဗျ ရေနံတင်သင်္ဘောနှစ်စီးကို ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန် အုပ်စုက တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ထိုသို့သတိပေးချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဆော်ဒီအာရေဗျ ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုကြောင့် အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခသည် ဒုတိယမြောက် အဓိကကုန်သွယ်ရေးလမ်းကြောင်းဘက်ထိ ရောက်ရှိလာခဲ့သည်။ ဆော်ဒီအာရေဗျ ရေနံတင်သင်္ဘောများ ပင်လယ်နီဒေသ၌ တိုက်ခိုက်ခံခဲ့ရပြီးနောက် ကမ္ဘာ့ရေနံ ဈေးကွက်၌ ရေနံစိမ်းဈေးနှုန်းများ ၆ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး ယခုနှစ်မေလနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ထိရောက်ရှိခဲ့သည်။ အမေရိကန်နှင့် အီရန်နိုင်ငံတို့ကြား စစ်ရေးပဋိပက္ခများ ပြင်းထန်နေချိန်တွင် အီရန်မဟာမိတ် ဟူသီသူပုန် အုပ်စုက ဆော်ဒီအာရေဗျ ရေနံတင်သင်္ဘောများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

25 Jul

ADVERTISE HERE .