“စက်တင်ဘာလ ၁၄ ရက်မှာ တောင်ကိုရီးယားအသင်းနဲ့ စတင်ကစားရမယ့် မြန်မာအမျိုးသမီးအသင်း”

24 Jul

မြန်မာအမျိုးသမီးအသင်းဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပထမပွဲအဖြစ် စက်တင်ဘာလ ၁၄ ရက်မှာ တောင်ကိုရီးယားအမျိုးသမီးအသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အကြိမ်(၂၀)မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဇူလိုင်လ ၂၃ ရက်က ဂျပန်နိုင်ငံမှာပြုလုပ်ခဲ့ပြီးနောက် မြန်မာအမျိုးသမီးဘောလုံးအသင်းက အုပ်စု(B)မှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နဲ့ ကျရောက်ခဲ့ပါတယ်။ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသင်း ၁၂ သင်းနဲ့ ကျင်းပပြုလုပ်မှာဖြစ်ပြီး လေးသင်း သုံးအုပ်စုခွဲကာ ကျင်းပမှာဖြစ်ပါတယ်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု(A)မှာ အိမ်ရှင်ဂျပန်၊ တရုတ်တိုင်ပေ၊ ဗီယက်နမ်၊ ထိုင်း၊ အုပ်စု(B)မှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အုပ်စု(C)မှာ တရုတ်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်အသင်းတို့ ပါဝင်နေပါတယ်။ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရ အသင်းနှစ်သင်းစီနဲ့ အကောင်းဆုံးတတိယနှစ်သင်း စုစုပေါင်းရှစ်သင်း ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းက စက်တင်ဘာလ ၁၄ ရက်မှာ အုပ်စုပထမပွဲအဖြစ် တောင်ကိုရီးယားအသင်း၊ စက်တင်ဘာလ ၁၇ ရက်မှာ အုပ်စုဒုတိယပွဲအဖြစ် မြောက်ကိုရီးယားအသင်း၊ စက်တင်ဘာလ ၂၁ ရက်မှာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။(NVS 008)

24 Jul

ADVERTISE HERE .