“ရီးရဲလ်အသင်း ကစားသမား ကာမာဗင်ဂါ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်ယူအသင်း”
24 Jul
ပရီးမီးယားလိဂ်နာမည်ကြီးကလပ် မန်ယူအသင်းဟာ စပိန်ထိပ်သီး ရီးရဲလ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ ကာမာဗင်ဂါ ကို ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။ ရီးရဲလ်နည်းပြသစ် မော်ရင်ဟို က ကာမာဗင်ဂါ ကို နှစ်ခြိုက်ခြင်းမရှိကြောင်း စပိန်မီဒီယာတွေက ဖော်ပြခဲ့ ကြပြီး ရီးရဲလ်အသင်းအနေနဲ့လည်း သူ့ရဲ့အနာဂတ်အတွက် တံခါးဖွင့်ထားကြောင်း သိရပါတယ်။ ဒါကြောင့် ကွင်းလယ် နဲ့ ဘယ်နောက်ခံနေရာတွေမှာ ကစားနိုင်တဲ့ ကာမာဗင်ဂါ ကို မန်ယူအသင်းက ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ အသက် ၂၃ နှစ်သာရှိသေးတဲ့ ကာမာဗင်ဂါအတွက် မကြာခင် ကမ်းလှမ်းသွားဖွယ် ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်း မခံခဲ့ရတဲ့ ကာမာဗင်ဂါအနေနဲ့ ကလပ်အသင်းကစားသမားဘဝမှာ ပုံမှန်ပွဲထွက်လိုနေကြောင်း သိရပါတယ်။ (NVS 008)
24 Jul