“ဂီမာရေ့စ် ကို ပေါင်သန်း ၇၀ နဲ့ ထပ်မံကမ်းလှမ်းခဲ့တဲ့ အာဆင်နယ်အသင်း”

24 Jul

အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်း ကစားသမား ဂီမာရေ့စ် ကို ပေါင်သန်း ၇၀ နဲ့ ထပ်မံ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းက ဂီမာရေ့စ် နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီးနောက် ပေါင် ၆၅ သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ပေမယ့် နယူးကာဆယ်အသင်းက ငြင်းပယ်ခဲ့တာကြောင့် ထပ်မံကမ်းလှမ်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိထားလို့ အသင်းကို ပိုမိုတောင့်တင်းအောင် အားဖြည့်သွားဖို့ ရည်ရွယ်ထားပေမယ့် ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ မော်ဂန်ရော်ဂျာစ် ကို ချဲလ်ဆီးအသင်းက ခေါ်ယူသွားတာ ကြောင့် လက်လွတ်ခဲ့ရပါတယ်။ ဒါကြောင့် ဂီမာရေ့စ် ကို ကြေးတိုးမြှင့်ကမ်းလှမ်းဖို့ စီစဉ်နေခြင်းဖြစ်ပေမယ့် နယူးကာဆယ်အသင်းနဲ့ နီးစပ်သူတွေကတော့ ထပ်ပြီးငြင်းပယ်ခံရဖွယ်ရှိကြောင်း သုံးသပ်ထားကြပါတယ်။ (NVS 008)

24 Jul

ADVERTISE HERE .