“ရန်ကုန်တိုင်းဒေသကြီးမှာ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်နိုင်”
24 Jul
ရန်ကုန်တိုင်းဒေသကြီးမှာ မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိတဲ့ မိုးတိမ်တောင်မျာရွေ့လျားမှုကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းတို့အပါအဝင် မိုးလေဝသဖြစ်စဥ်များဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၂၃ ရက်ည ၇ နာရီက အသိပေးထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းနည်းတူ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက် ရှိကြောင်း သိရပါတယ်။ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုကြရန်လည်း အသိပေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)