“ချင်းတွင်းမြစ်ရေ ဖောင်းပြင်မြို့မှာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိမည်”

24 Jul

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့ရှိ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ကျော်လွန် ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ရေဘေးအန္တရာယ်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဖောင်းပြင်မြို့နယ်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများမှာ နေထိုင်သူများအနေနဲ့ ရေဘေးလွတ်ကင်းရာ နေရာများသို့ ကြိုတင်ရွှေ့ပြောင်းနေထိုင်ကြရန်နှင့် ရေဘေးအန္တရာယ်ကို သတိပြုကြရန် နှိုးဆော်ထားပါတယ်။ ဒါ့အပြင် မြို့နယ်တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများက ရေဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများကို ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် လိုက်လံအသိပေးနှိုးဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

24 Jul

ADVERTISE HERE .