“အမျိုးသမီးရေးရာဝန်ကြီးက UNFPA အဖွဲ့ကို လက်ခံတွေ့ဆုံ”
24 Jul
အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင် က ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA)၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig နှင့်အဖွဲ့ကို ဇူလိုင်လ ၂၃ ရက်မှာ အမျိုးသမီးရေးရာဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ်မှာ အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် UNFPA အဖွဲ့တို့အကြား လက်မှတ်ရေးထိုးမည့် Work Plan ပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနတွင် Help Line ထားရှိနိုင်ရေး၊ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက်ခံရသူအမျိုးသမီးများကို တစ်နေရာတည်းမှာ ဝန်ဆောင်မှုပေးတဲ့ စင်တာ (One Stop Women Support Center-OSWSC)မှာ ဝန်ဆောင်မှုများ ပံ့ပိုးပေးရေးဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများနှင့် UNFPA မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)