“ဂျပန်နိုင်ငံ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောပိုင်ဆိုင်ခြင်းကို ဂျပန်အရပ်ဘက်အဖွဲ့များစွာက ကြေညာချက်ထုတ်ပြန်၍ ကန့်ကွက်”
16 Jul
ဂျပန်အစိုးရ၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဖော်ဆောင်ရန် ကြိုးပမ်းသည့်လှုပ်ရှားမှုများကို တုံ့ပြန်သည့်အနေဖြင့် ဂျပန်အရပ်ဘက်အဖွဲ့များက ဇူလိုင်လ ၁၄ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်၍ ဂျပန်နိုင်ငံ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောပိုင်ဆိုင်ခြင်းကို ကန့်ကွက်ခဲ့ကြသည်။ ဂျပန်နိုင်ငံသည် နျူကလီးယားလက်နက်ဖျက်သိမ်းမှုကို ကာလရှည်ကြာစွာ ထောက်ခံအားပေးခဲ့သလို ဂျပန်နိုင်ငံ အဏုမြူစွမ်းအင်အခြေခံဥပဒေတွင်လည်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းရေးရည်ရွယ်ချက်တွင်သာ အသုံးပြုရန် သတ်မှတ်ပြဋ္ဌာန်းထားကြောင်း၊ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောပိုင်ဆိုင်ခြင်းသည် ဂျပန် ကိုယ်တိုင်က ဤရပ်တည်ချက်ကို ငြင်းဆိုလိုက်သည်ဟု အဓိပ္ပာယ်သက်ရောက်ကြောင်း အဆိုပါကြေညာချက်တွင် ထောက်ပြခဲ့သည်။ ဂျပန်အာဏာရပါတီနှင့် အစိုးရပညာရှင်အဖွဲ့ငယ်တို့က နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောပိုင်ဆိုင်ခြင်း ဆိုင်ရာ အကြံပြုချက်များ အဆိုပြုခြင်းသည် အလွန်အန္တရာယ်များသော လှုပ်ရှားမှုဖြစ်ကြောင်း၊ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောသည် တာဝေးရေအောက်သွားလာရေးနှင့် တိုက်ခိုက်မှုများပြုလုပ်ရန်အတွက် အသုံးပြုသည့် လက်နက်ကိရိယာဖြစ်ရာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောပိုင်ဆိုင်ခြင်းသည် ဂျပန်နိုင်ငံက လက်ကိုင်ကျင့်သုံးသော ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်ခြင်းအခြေခံမူကို အပြင်းအထန် သွေဖည်သွားမည် ဖြစ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်မှုတွင်ပါဝင်သော ငြိမ်းချမ်းရေးလှေအဖွဲ့အစည်းက ၎င်း၏ဝက်ဘ်ဆိုက်တွင် ပြောကြားထားသည်။ နောက်မျိုးဆက် ရေငုပ်သင်္ဘောများကို နျူကလီးယားစွမ်းအင်သုံး တွန်းအားပေးစနစ်များကို အသုံးပြု နိုင်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ ပညာရှင်အဖွဲ့ငယ်တစ်ဖွဲ့က ယမန်နှစ် စက်တင်ဘာလတွင် အစီရင် ခံစာ၌ အရိပ်အမြွက်ဖော်ပြခဲ့သည်။ ဂျပန်နိုင်ငံကာကွယ်ရေးဝန်ကြီး Shinjiro Koizumi ကလည်း လွှတ်တော် အစည်းအဝေးတွင် “ဒါကိုတားမြစ်ထားတဲ့အရာလို့ မမြင်ပါနဲ့၊ ဆွေးနွေးမှုတွေလုပ်ဖို့ လိုပါတယ်” ဟု ဆိုခဲ့သည်။ ဂျပန် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP)နှင့် ပူးတွဲအုပ်ချုပ်သော ဂျပန်ဆန်းသစ်တီထွင်ရေးပါတီ(JIP) သည်လည်း နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအား ဆောလျင်စွာတင်သွင်းရန် ယခုနှစ်ဇွန်လတွင် တိုက်တွန်းခဲ့သည်။ သက်ဆိုင်ရာလှုပ်ရှားမှုများကြောင့် ဂျပန်နိုင်ငံရှိ နယ်ပယ်အသီးသီးမှ ပြင်းထန်သောကန့်ကွက်ဆန့်ကျင်မှုများ ဖြစ်ပေါ် စေခဲ့သည်။ အထက်ဖော်ပြပါ ပူးတွဲကြေညာချက်တွင် အဖွဲ့ပေါင်း ၁၀ ခုကျော်က ၎င်းတို့၏အမည်များနှင့်တကွ ထုတ်ပြန်ခဲ့ကြောင်း ငြိမ်းချမ်းရေးလှေ အဖွဲ့အစည်းက ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)