ကုန်ဈေးနှုန်းသတင်း ၁၆.၇.၂၀၂၆
16 Jul
ဇူလိုင်လ ၁၆ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ကြက်သွန်နီဈေးတွေ ဆက်တိုက်မြင့်တက်နေပြီး ကြက်သွန်ဖြူဈေးကတော့ အနည်းငယ် ကျဆင်းလာပါ တယ်။ ထန်းလျက်၊ သကြားနဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၁၀,၆၃၁ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၂၂,၀၄၈ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၇၆၅ ကျပ်ကနေ ၅,၈၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၂၄၁ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၄,၈၃၀ ကျပ်ကနေ ၆,၃၅၀ ကျပ်၊ ပဲလွန်းဖြူ (ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၃၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၄,၂၆၀ ကျပ်ကနေ ၁၅,၉၃၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၁၇၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၁၆၅ ကျပ်ကနေ ၃,၃၃၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၀,၆၆၅ ကျပ်ကနေ ၁၂,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၄၀ ကျပ်ကနေ ၁,၇၆၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၅,၇၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၇,၅၀၀ ကျပ်ကနေ ၇,၈၃၅ ကျပ်၊ ကြက်သွန်နီ (ဆိပ်ဖြူ) တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(အောင်ပန်း) တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၃၀၀ ကျပ်ကနေ ၆,၃၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/ အသား) တစ်ပိဿာကို ၄,၃၀၀ ကျပ်ကနေ ၇,၂၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၇၀၀ ကျပ်ကနေ ၃,၉၀၀ ကျပ်၊ အာလူး (အောင်ပန်း) တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၃,၇၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၈၅,၀၀၀ ကျပ်ကနေ ၃၀၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၉၅,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ်ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၂၂ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၂၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၆၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၂၅၀ ကျပ်၊ မန္တလေးမှာ ၃,၃၉၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၄၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၃၁၀ ကျပ်၊ မန္တလေး မှာ ၃,၄၅၀ ကျပ်၊ နေပြည်တော်မှာ ၃,၄၀၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၀၉၅ ကျပ်၊ မန္တလေးမှာ ၃,၂၂၅ ကျပ်၊ နေပြည်တော်မှာ ၃,၁၈၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၇၉၀ ကျပ်၊ မန္တလေးမှာ ၃,၉၂၅ ကျပ်၊ နေပြည်တော်မှာ ၃,၈၈၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၆,၉၅၀,၀၀၀ိ/-) ခြောက်ဆယ် ကိုးသိန်း ငါးသောင်းကျပ်ရှိပြီး ပြင်ပပေါက်ဈေး မှာ ကျပ်သိန်း (၉,၆၃၀,၀၀၀ိ/-) ကိုးဆယ် ခြောက်သိန်း သုံးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။