“ဘက်ဆစ်တက်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အာဆင်နယ်တိုက်စစ်ကစားသမား ထရိုဆတ်ဒ်”

16 Jul

အာဆင်နယ်အသင်းက ဘယ်လ်ဂျီယံတိုက်စစ်ကစားသမား ထရိုဆတ်ဒ် ဟာ ဘက်ဆစ်တက်အသင်းကနေ ပြောင်းရွှေ့ခဲ့ပါတယ်။ ထရိုဆတ်ဒ် ရဲ့ပြောင်းရွှေ့ကြေးကတော့ ယူရို ၁၈ သန်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘက်ဆစ်တက်အသင်းက အခုပြောင်းရွှေ့ကြေးကို ခြောက်ကြိမ်အထိ ခွဲပေးရမှာ ဖြစ်ပါတယ်။ ထရိုဆတ်ဒ် ဟာ ဘက်ဆစ်တက်အသင်းနဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဘရိုက်တန်အသင်းကနေ အာဆင်နယ်အသင်းကို ရောက်ရှိလာတဲ့ ထရိုဆတ်ဒ်ဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်နေပေမဲ့ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ထရိုဆတ်ဒ် ဟာ အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံ ၁၇၄ ပွဲကစားရာမှာ ၃၆ ဂိုးသွင်း၊ ၃၄ ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းရဲ့ ကမ္ဘာ့ဖလား ခြောက်ပွဲစလုံး ပွဲထွက်ကစားခွင့်ရခဲ့ပြီး နှစ်ဂိုး သွင်းယူခဲ့ပါတယ်။ (NVS 008)

16 Jul

ADVERTISE HERE .