“ပြင်သစ်အသင်းကို အမြင့်ဆုံးအဆင့်ရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက် ကြောင်းပြောကြားခဲ့တဲ့ ဒေးရွှမ့် ”
16 Jul
ပြင်သစ်လက်ရွေးစင်နည်းပြ ဒေးရွှမ့် က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရပေမယ့် ပြင်သစ်အသင်းကို အမြင့်ဆုံးအဆင့်ရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒေးရွှမ့် ဟာ ပြင်သစ်အသင်းကို ၂၀၁၂ ခုနှစ်ကတည်းက ကိုင်တွယ်ခဲ့သူဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ လမ်းခွဲတော့မှာ ဖြစ်ပါတယ်။ ဒေးရွှမ့် က ပြင်သစ်အသင်းနဲ့ လမ်းခွဲမယ့်အကြောင်းကို ၂၀၂၅ ဇန်နဝါရီလ ကတည်းက အတည်ပြုထားတာဖြစ်ပြီး ဂန္ထဝင်ကစားသမား ဇီဒန်း က တာဝန်ယူမှာဖြစ်ပါတယ်။ ဒေးရွှမ့် ဟာ ပြင်သစ်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆု ရယူပေးနိုင်ခဲ့သလို၊ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲပို့ဆောင်ပေးနိုင်ခဲ့ပြီး ယူရို-၂၀၁၆ ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒေးရွှမ့် က ပြင်သစ်အသင်းကို ၁၈၄ ပွဲ ကိုင်တွယ်ရာမှာ နိုင်ပွဲ ၁၂၀ ရယူပေးနိုင်ခဲ့ပါတယ်။ ဒေးရွှမ့်ဟာ ပြင်သစ်နည်းပြအဖြစ် ကမ္ဘာ့ဖလား ၂၆ ပွဲ ဆင်နွှဲခဲ့တာကြောင့် ပြိုင်ပွဲရဲ့သမိုင်းမှာ ပွဲအများဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့အပြင် နိုင်ပွဲအများဆုံးနည်းပြအဖြစ်လည်း ၁၇ ပွဲနဲ့ စံချိန်တင်နိုင်ခဲ့ပါတယ်။ (NVS 008)