“ဂရင်းဝုဒ် ကို ယူရို ၃၉ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဖီနာဘာချီအသင်း”
16 Jul
တူရကီကလပ် ဖီနာဘာချီအသင်းဟာ မာဆေးလ်အသင်းက မန်ယူအသင်းကစားသမားဟောင်း ဂရင်းဝုဒ် ကို ယူရို ၃၉ သန်းနဲ့ ခေါ်ယူပြီး ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ ဂရင်းဝုဒ် ဟာ မန်ယူအသင်းအကယ်ဒမီက ထွက်ပေါ်လာသူဖြစ်ပြီး လိင်ပိုင်းဆိုင်ရာပြစ်မှုနဲ့ ရင်ဆိုင်ခဲ့ ရတာကြောင့် မန်ယူအသင်းက မာဆေးလ်အသင်းထံ ရောင်းချခဲ့ပါတယ်။ မာဆေးလ်အသင်းက ဂရင်းဝုဒ်ကို ယူရို ၃၁ ဒသမ ၆ သန်းနဲ့ ခေါ်ယူခဲ့ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုထားပေမယ့် ဖီနာဘာချီအသင်းထံသို့ ပြန်လည်ရောင်းထုတ် ခဲ့တာဖြစ်ပါတယ်။ ဖီနာဘာချီအသင်းရဲ့ဥက္ကဋ္ဌသစ် ယီလ်ဒီရင်မ်က ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲမှာ ဂရင်းဝုဒ် ကို ခေါ်ယူပေးမယ်လို့ ကတိပြုခဲ့တဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)
16 Jul