“လိုင်လီအသင်းက မော်ရိုကိုကွင်းလယ်ကစားသမား ဘူအာဒီ ကို မန်စီးတီးနဲ့အပြိုင် ခေါ်ယူမယ့် မန်ယူအသင်း”

16 Jul

မန်ယူအသင်းဟာ လိုင်လီအသင်းကွင်းလယ်ကစားသမား ဘူအာဒီ ကို မန်စီးတီးအသင်းနဲ့အပြိုင် ခေါ်ယူဖို့ စီစဉ်လာကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ ချဲလ်ဆီးအသင်းကစားသမား အန်ဒရေဆန်းတို့စ် နဲ့ အက်စတွန်ဗီလာအသင်း ကစားသမား တီလေမန်းစ် တို့ကို ခေါ်ယူခဲ့ပြီးဖြစ်ပေမယ့် ပစ်မှတ်ဟောင်း ဘူအာဒီ ကို ထပ်မံခေါ်ယူဖို့ စီစဉ်လာခြင်းဖြစ်ပါတယ်။ မန်ယူအသင်းက အသက် ၁၈ နှစ်သာရှိသေးတဲ့ ဘူအာဒီ ကို ၂၀၂၅ ဒီဇင်ဘာကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး ကက်စီမီရို နေရာအတွက် ရေရှည်အစားထိုးဖို့ ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ ဘူအာဒီ ကို လက်ရှိအချိန်မှာ မန်စီးတီးအသင်းက ခေါ်ယူဖို့ ကြိုးပမ်း နေကြောင်း သတင်းများထွက်လာပြီးနောက် မန်ယူအသင်းကလည်း အပြိုင်ကမ်းလှမ်းဖွယ်ရှိကြောင်း အင်္ဂလန်အသင်း မီဒီယာတွေက ဖော်ပြလာခဲ့ပါတယ်။ လိုင်လီအသင်းက ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဘူအာဒီ ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ သတ်မှတ်ထားပြီး မန်ချက်စတာမြို့ခံနှစ်သင်းစလုံးက ပေးချေဖို့ အသင့်ရှိနေကြောင်းလည်း သိရပါတယ်။ (NVS 008)

16 Jul

ADVERTISE HERE .