“မော်တော်ယာဉ် အခွန်စိစစ်သည့်ကိစ္စရပ်များကို Online စနစ်ဖြင့်ဆောင်ရွက်နိုင်”

16 Jul

မော်တော်ယာဉ်ပိုင်ရှင် အမည်ပြောင်းဆောင်ရွက်မှုအပေါ် အခွန်စိစစ်ခြင်းနှင့် ကျသင့်ငွေများအား Digital Paymayment ဖြင့် ငွေပေးချေခြင်းကို Online စနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးဖြစ်တဲ့ မော်တော်ယာဉ်များအား လူတစ်ဦးချင်း၏ အမည်ပြောင်းမှတ်ပုံတင်နိုင်ရန် အခွန်စိစစ်သည့်ကိစ္စရပ်များကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်မှ စတင်၍ Vehicle Automatic Valuation System(VAVS) ဖြင့် ပြောင်းလဲကျင့်သုံး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ https://vavs.ird.gov.mm တွင် မိမိ၏ဖုန်းနံပါတ်ကို အသုံးပြု၍ စနစ်အတွင်းသို့ဝင်ရောက်ပြီး မော်တော်ယာဉ် အမှတ်နှင့် လိုအပ်သောအချက်အလက်များကို ဖြည့်သွင်းပေးခြင်းဖြင့် စနစ်မှအလိုအလျောက်တန်ဖိုးကိုစိစစ်၍ အခွန်တွက်ချက်ပေးမှာဖြစ်ပြီး Online Payment ဖြင့် ကျသင့်အခွန်ကို ပေးဆောင်နိုင်မှာဖြစ်ပါတယ်။ အခွန်ပေးဆောင်ခြင်းကို VAVS စနစ်နှင့် ချိတ်ဆက်ထားသော IRD's Tax Payment Hub မှ တစ်ဆင့် MPU Debit Card ဖြင့်လည်းကောင်း၊ MMQR Code ကိုအသုံးပြု၍ KBZ Pay၊ AYA Pay၊ CB Pay၊ uab Payı A plus Walletı Citizen Payı OK$ı Wave Moneyı Trusty Payı Zego Payı M-Pitesanı GTB Pay၊ MoMoney စသည်တို့ဖြင့် ပေးဆောင်နိုင်သလို uab Bank၊ Shwe Bankı A Bank တို့၏ Mobile Banking စနစ်များဖြင့်လည်း ပေးဆောင် နိုင်မှာဖြစ်ပါတယ်။ အခွန်ပေးဆောင်ပြီးပါက VAVS စနစ်မှရရှိတဲ့ အီလက်ထရောနစ်အခွန်ဆိုင်ရာ စိစစ်ဆောင်ရွက် ပြီးကြောင်း ထောက်ခံချက်(e-Tax Clearance Certificate) QR Form ကို ကြည်လင်ပြတ်သားစွာထုတ်ယူကာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မော်တော်ယာဉ်အမည်ပြောင်းကိစ္စကို ဆက်လက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကနဦး မော်တော်ယာဉ်များ၊ ကုမ္ပဏီအမည်ဖြင့် အမည်ပြောင်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ ဝင်ငွေရလမ်း တင်ပြမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မူလဆောင်ရွက်သည့် လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာရုံးများတွင် ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက Call Center ဖုန်းနံပါတ် 1515၊ techsupport. [email protected] နှင့် [email protected] တို့ထံ အီးမေးလ်ပေးပို့ခြင်း၊ အခွန်ဆိုင်ရာဝန်ဆောင်မှုဌာနခွဲ(ရန်ကုန်) ဖုန်း ၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(နေပြည်တော်) ဖုန်း ၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃ဝ၅၄၄၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(မန္တလေး)ဖုန်း ၀၂-၄၀၃၀၆၃၇၊ ၀၂-၄၀၃၀၆၃၈၊ အီလက်ထရောနစ်ဝန်ဆောင်မှုနည်းပညာ ဆိုင်ရာ အကူအညီပေးရေးစင်တာ(e-Service Help Desk Center) ဖုန်း ၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅၊ ၀၁-၈၃၇၉၀၂၁ နှင့် နီးစပ်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးများ၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ ရုံးချိန်အတွင်း လူကိုယ်တိုင်သွားရောက်၍လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း အသိပေးထားပါတယ်။ (NVS 008)

16 Jul

ADVERTISE HERE .