“နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍအတွက် ငွေကျပ် ၄၅၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထား”

16 Jul

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍမှာ ငွေကျပ် ၄၅၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားကြောင်း ပြည်ထောင်စုအဆင့်လုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရပါတယ်။ စာရင်းများအရ စိုက်ပျိုးရေးကဏ္ဍမှာ မိုးစပါးနဲ့ နွေစပါးအစီအစဉ်၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) အစီအစဉ်နဲ့ ပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် အစီအစဉ်တွေအတွက် ငွေကျပ် ၃၇၂ ဒသမ ၃၆ ဘီလီယံ၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ တိုင်းဒေသကြီး ၄ ခုတို့မှာ ဆိုလာစနစ်အပါအဝင် ဆောင်ရွက်မည့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်း ၃၈၀ အတွက် ငွေကျပ် ၁ ဒသမ ၉၉၄ ဘီလီယံနဲ့ ဆောင်ရွက်နေတာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် စက်မှုလယ်ယာကဏ္ဍအနေနဲ့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ၆ ခုမှာ လက်ဆွဲမျိုးစေ့ချ ကိရိယာ(Drum Seeder) အလက်ရေ ၁ ဒသမ ၂၃ သိန်း ထုတ်လုပ်မှုအတွက် လိုအပ်မည့် ရန်ပုံငွေကျပ် ၃၀ ဒသမ ၂၄ ဘီလီယံကို ပံ့ပိုးဆောင်ရွက်ထားကြောင်း သိရပါတယ်။ မွေးမြူရေးကဏ္ဍမှာ အရင်းမပျောက်မတည်ငွေနဲ့ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ နှစ်တို၊ နှစ်ရှည် မွေးမြူရေးလုပ်ငန်းအစီအစဉ်တွေကို ငွေကျပ် ၅၁ ဒသမ ၂၁ ဘီလီယံနဲ့ ဆောင်ရွက်နေကြောင်း သိရပါတယ်။ (NVS 008)

16 Jul

ADVERTISE HERE .