“KPMF နှင့် KNLA အဖွဲ့ဝင် ၄၁ ဦး လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်ရောက်ခဲ့”

16 Jul

ကရင်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့(KPMF)နှင့် KNLA အဖွဲ့တို့မှ အဖွဲ့ဝင် ၄၁ ဦးက လက်နက်၊ ခဲယမ်းများ နှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။ ၎င်းတို့ကို ဇူလိုင်လ ၁၅ ရက်မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင်၊ တိုင်းမှူးဗိုလ်မှူးချုပ်သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင်၊ တိုင်းမှူး၊ တာဝန်ရှိသူများက အလင်းဝင်လာသူများအပ်နှံတဲ့ လက်နက်ခဲယမ်းများကို လက်ခံရယူပြီး ဆုကြေးငွေ၊ ထောက်ပံ့ ကြေးငွေနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြပါတယ်။ အဲဒီနောက် အလင်းဝင်လာသူများကို ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)

16 Jul

ADVERTISE HERE .