“ကျိုင်းတုံပြည်သူ့ဆေးရုံမှကျန်းမာရေးအဖွဲ့က မိုင်းလားနှင့် ဆီလူးခရိုင်တို့မှာ အခမဲ့ကွင်းဆင်းကုသပေး”

16 Jul

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေး အဖွဲ့က အထူးဒေသ(၄)၏ ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်တို့မှာ မိုင်းလားခရိုင်နှင့် ဆီလူးခရိုင်တို့၌ ဒေသခံများအား အခမဲ့ကျန်းမာရေး ကွင်းဆင်းစစ်ဆေးကုသပေးခဲ့ကြကြောင်း သိရပါတယ်။ အထူးကုဌာန(၁၀)ခုမှ ဆရာဝန်ကြီးများက ဒေသခံ ၂,၀၀၀ ဦးခန့်အား ကုသမှုများပြုလုပ်ပေးခဲ့ကြပြီး မိုးရာသီမှာအဖြစ်များသော ရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။ အထူးဒေသ(၄)မှာ အခမဲ့ကွင်းဆင်းကုသပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ကူညီပံ့ပိုးမှုများကို ပုံမှန်ဆောင်ရွက်သွားမှာ ဖြစ်ပြီး အခြေခံအဆင့် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

16 Jul

ADVERTISE HERE .