“ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧက ၃ သိန်းကျပ်ထုတ်ချေးပေးမည်”
16 Jul
ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧက ၃ သိန်းကျပ် ထုတ်ချေးပေးမယ်လို့ သိရပါတယ်။ ဝါစိုက်ပျိုးဧကတိုးမြှင့်ရေး၊ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ဝါအထွက်နှုန်းပန်းတိုင်ရရှိရေး နှင့် ပြည်ပတင်ပို့မှုပမာဏ မြင့်မားလာစေရေးရည်ရွယ်၍ "ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်သော တောင်သူများ အတွက်" စိုက်ပျိုးစရိတ်ချေးငွေ ဝါစိုက်ဧကတစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထုတ်ပေးရန်စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါချေးငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(တိုင်းဒေသကြီးအစိုးရ)မှတစ်ဆင့် ထုတ်ချေးပေးမည် ဖြစ်ကာ ထုတ်ချေးမည့်အစီအစဉ် အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာတိုင်းအစိုးရအဖွဲ့များမှ ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အခုအစီအစဥ်ကို ဇူလိုင်လ ၁၁ ရက် မကွေးမြို့မှာ ကျင်းပခဲ့တဲ့ "ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ် စက်မှုလုပ်ငန်းဆီသို့" ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲရလဒ်အရစီစဥ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)