“ဘရာဟင်ဒီယက်ဇ် အသင်းတွင် ဆက်ရှိသွားမည်ဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်း အတည်ပြု”
15 Jul
တောင်ပံကစားသမား ဘရာဟင်ဒီယက်ဇ် အသင်းမှ ထွက်ခွာမည်ဆိုသော သတင်းများက မှန်ကန်ခြင်း မရှိကြောင်းနဲ့ အသင်းတွင်သာ ဆက်ရှိသွားမည်ဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် တောင်ပံကစားသမားကို လက်ရှိတွင် ဥရောပကလပ်အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ၄င်းက ရီးရဲလ်အသင်းတွင်သာ ဆက်ရှိသွားမှာဖြစ်ပါတယ်။ တောင်ပံကစားသမား ဘရာဟင်ဒီယက်ဇ် အနေနဲ့ ရီးရဲလ်အသင်းနှင့်အတူ ပြီးခဲ့တဲ့ဘောလုံးရာသီက ပြိုင်ပွဲစုံ ၄၂ ပွဲကစားပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ထုတ်ပြန်ချက်တွင် ဘရာဟင်ဒီယက်ဇ် အနေနဲ့ အသင်းမှာ ဆက်ရှိသွားမှာဖြစ်ပြီး သူဟာ အသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ယောက်ဖြစ်ကာ သူကိုယ်တိုင်ကလည်း အသင်းမှာ ပျော်ရွှင်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)
15 Jul