“အန်ဇိုဖာနန်ဒက်ဇ် ကို အသင်းမှာဆက်ရှိစေချင်တဲ့ နည်းပြ အလွန်ဆို”

15 Jul

ချဲလ်ဆီးအသင်းနည်းပြ ရှာဘီအလွန်ဆို က ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ် ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားလိုကြောင်း ပြောခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားကွင်းလယ်လူ ဖာနန်ဒက်ဇ် ဟာ အသင်းနဲ့အနာဂတ် မသေမချာဖြစ်နေကာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း သတင်းထွက်ခဲ့ပေမယ့် ရီးရဲလ်အသင်းကတော့ ဖာနန်ဒက်ဇ် နဲ့ပတ်သက်တဲ့ သတင်း တွေကို ငြင်းဆန်ထားခဲ့ပါတယ်။ နည်းပြ အလွန်ဆို က ဖာနန်ဒက်ဇ် ကို အသင်းမှာ ဆက်ရှိနေလိုကြောင်း ပြောခဲ့ပေမယ့် အခြားသော အကြောင်းအရာတွေကိုတော့ နားလည်ပေးနိုင်ဖို့ ပြောကြားခဲ့ပါတယ်။(NVS 008)

15 Jul

ADVERTISE HERE .