“ယာဉ်မောင်း လိုင်စင်သက်တမ်းတိုးခြင်းအား Online စနစ်ဖြင့် ဆောင်ရွက်နိုင်”

15 Jul

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ယာဉ်မောင်းလိုင်စင်ဝန်ဆောင်မှု လုပ်ငန်းများ၏ ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေးချေခြင်းနှင့် Online စနစ်ဖြင့် “ခ” ၊ “ဂ” ၊ “ဃ” ၊ “င” ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းများကို Online စနစ်ဖြင့် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀ အတွင်း ကြိုတင်သက်တမ်းတိုးခြင်းအား ဇူလိုင်လ ၁၇ ရက်မှစတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန် ခဲ့ပါတယ်။ အဆိုပါ ယာဉ်မောင်းလိုင်စင်များကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ နေပြည်တော်ရုံး၊ ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)၊ ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)၊ ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း)နှင့် ခရိုင်ရုံး (ရန်ကုန်မြောက်ပိုင်း)၊ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း)နှင့် ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)ရုံးများတွင် Online စနစ်ဖြင့် သတ်တမ်းတိုးနိုင်မှာဖြစ်ပါတယ်။ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းကို Online မှ ဝန်ဆောင်မှုရယူလိုသူများက မိမိတို့၏ Mobile Phone/Tablet အသုံးပြု၍ MM Driver License E-Payment Mobile Application အား Google Play Store မှတစ်ဆင့် download ရယူသုံးစွဲနိုင်ပါကြောင်း အသိပေးထားပါတယ်။ ၎င်းစနစ်နှင့်ပတ်သက်ပြီး အသုံးပြုရန် အသေးစိတ်အချက်အလက်များအား www.mot.gov.mm:www.rtad.gov.mm နှင့် www.myanmarrtad.com Website များတွင် ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Online လိုင်စင်သက်တမ်းတိုးခြင်းအား အသေးစိတ်အချက်လက်များကို စုံစမ်းသိရှိလိုပါက(နေပြည်တော် ရုံးချုပ်) ဖုန်း ၀၆၇-၃၄၀၅၀၉၉၊ နေပြည်တော်ရုံး ဖုန်း ၀၆၇-၄၅၁၀၀၆၂/၀၆၇-၄၅၁၀၀၆၄၊ တိုင်းဒေသကြီးရုံး(ရန်ကုန်) ဖုန်း ၀၉-၉၅၄၉၂၁၀၀၀၊ တိုင်းဒေသကြီးရုံး(မန္တလေး)၀၉-၄၃၀၉၆၉၈၀ တို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။(NVS 008)

15 Jul

ADVERTISE HERE .