“မန်ယူအသင်းက အက်စတွန်ဗီလာကွင်းလယ်ကစားသမား တီလေမန်းစ်ကို စာချုပ်လျော်ကြေး ပေါင် ၃၅ သန်းနဲ့ ခေါ်ယူနိုင်တော့မယ်”

14 Jul

မန်ယူအသင်းဟာ အက်စတွန်ဗီလာအသင်းက ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား တီလေမန်းစ်ကို စာချုပ်လျော်ကြေး ပေါင် ၃၅ သန်းနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၃ နွေရာသီမှာ တီလေမန်းစ်က လက်စတာအသင်းနဲ့လမ်းခွဲပြီး အက်စတွန်ဗီလာအသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိခဲ့ တာဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းက တီလေမန်းစ်ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ ပေါင် ၃၅ သန်းတန်လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုထားတာကြောင့် မန်ယူအသင်းက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် တီလေမန်းစ်ကို ဆော်ဒီကလပ်အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမဲ့ ကစားသမားက မန်ယူအသင်းကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်းက တီလေမန်းစ်ကို ဇူလိုင်လ ၁၄ ရက်မှာ ဆေးစစ်မှုပြုလုပ်ရန် စီစဉ်ထားပြီး ဒီတစ်ပတ်အတွင်းမှာပဲ စာချုပ်ချုပ်ဆိုဖွယ်ရှိကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ ချဲလ်ဆီးအသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား အန်ဒရေဆန်းတို့စ် ကိုလည်း ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိထားကြောင်း သိရပါတယ်။(NVS 008)

14 Jul

ADVERTISE HERE .