“ISPE အသင်းက မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲဆက်နေ”

14 Jul

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ်(၅)ကို ဇူလိုင်လ ၁၃ ရက် ကစပြီး ကျင်းပနေလျက်ရှိရာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ISPE အသင်းက နိုင်ပွဲဆက်ကာ ရောက်ရှိနေပါတယ်။ ပွဲစဥ် (၅) ရဲ့ ပထမနေ့မှာ ISPE အသင်းက သစ္စာအားမာန်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ISPE အသင်းဟာ ပွဲစဥ် (၅) အထိ နိုင်ပွဲ ၅ ပွဲ ဆက်နေရရှိခဲ့ပြီး ရမှတ် ၁၅ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ဦးဆောင်နေပါတယ်။ အဆိုပါပွဲမှာ ISPE အသင်းအတွက် အကောင်းဆုံးကစားသမားဆုကို အသင်းခေါင်းဆောင် ခင်မာလာထွန်း က ရရှိခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် အသင်း (၁၀) သင်းစလုံးကို ရပ်တည်မှုအဆင့်အလိုက် ဆုကြေးငွေများ ပေးအပ်ချီးမြှင့် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ MFF ရဲ့ တရားဝင်ထုတ်ပြန်မှုအရ ချန်ပီယံအသင်းက ဆုကြေး ကျပ်သိန်း ၁၀၀၀၊ ဒုတိယ ကျပ်သိန်း ၇၀၀၊ တတိယ ကျပ်သိန်း ၅၀၀၊ အဆင့် (၄) ကျပ်သိန်း ၃၀၀၊ အဆင့် (၅) ကျပ်သိန်း ၂၀၀၊ အဆင့် (၆) ကျပ် ၁၇၅ သိန်း၊ အဆင့် (၇) ကျပ်သိန်း ၁၅၀၊ အဆင့် (၈) ကျပ် ၁၂၅ သိန်း၊ အဆင့် (၉) ကျပ်သိန်း ၁၀၀နဲ့ အဆင့် (၁၀) ကျပ် (၇၅) သိန်း အသီးသီးရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲဝင်အသင်း (၁၀) သင်းစလုံးကို အခြေခံထောက်ပံ့ငွေအဖြစ် တစ်သင်းလျှင် ကျပ်သိန်း ၅၀၀ စီ ပေးအပ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ MFF က သတ်မှတ်ထားသော Development Criteria များနဲ့ ပြည့်မီအောင် ဆောင်ရွက်နိုင်တဲ့အသင်းများကို ကျပ်သိန်း ၂၀၀ စီ ထပ်မံပေးအပ်သွားဖို့ စီစဥ်ထားကြောင်းလည်း သိရပါတယ်။(NVS 008)

14 Jul

ADVERTISE HERE .