“ခရိုအေးရှားအသင်းနည်းပြအဖြစ် ဘီလစ်ကို ပြန်လည်ခန့်အပ်”

14 Jul

ခရိုအေးရှားလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ နောက်ခံလူဟောင်း ဆလာဗန် ဘီလစ်ကို ပြန်လည်ခန့်အပ်ခဲ့ပါတယ်။ ဘီလစ်ဟာ ခရိုအေးရှားအသင်းကို ၂၀၀၆ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် အထိ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ ယခင်နည်းပြ ဇလက်ကိုဒါလစ်ဟာ ခရိုအေးရှားနည်းပြအဖြစ် ကိုးနှစ်ကြာ ကိုင်တွယ်ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျရှုံးမှုနဲ့အတူ ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။ ဘီလစ်က ဒါလစ် ချန်ထားရစ်တဲ့အသင်းကို နှစ်နှစ်စာချုပ်နဲ့ လွှဲပြောင်းတာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဘီလစ်အနေနဲ့ ခရိုအေးရှားအသင်းကို ပထမအကြိမ်ကိုင်တွယ်စဉ်က ၆၅ ပွဲ နည်းပြခဲ့ပြီး ၄၂ ပွဲနိုင်၊ ၁၅ ပွဲသရေ၊ ရှစ်ပွဲ ရှုံး မှတ်တမ်းကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ၎င်းဟာ ကစားသမားဘဝမှာ ခရိုအေးရှားအသင်းအတွက် ၄၄ ပွဲ ကစားပေး ခဲ့ပါတယ်။(NVS 008)

14 Jul

ADVERTISE HERE .