“အင်္ဂလန်လက်ရွေးစင်အသင်းရဲ့လုံးဝအောင်မြင်တဲ့ ခေတ်တစ်ခေတ်လို့ ဟာရီကိန်း ကြုံးဝါး”

14 Jul

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်းက နိုင်ငံလက်ရွေးစင်အသင်းရဲ့ လုံးဝအောင်မြင်တဲ့ ခေတ်တစ်ခေတ်ကို ရောက်ရှိနေပြီလို့ ကြုံးဝါးခဲ့ပါတယ်။ ဟာရီကိန်းက အင်္ဂလန်အသင်းဟာပြီးခဲ့တဲ့ ယူရို-၂၀၂၀နဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲစတဲ့ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲ နှစ်ကြိမ်ဆက် တက်ရောက်နိုင်ခဲ့တာတွေနဲ့နှိုင်းယှဉ်ပြီး အခုလို သုံးသပ်ခဲ့တာဖြစ်ပါတယ်။ ဟာရီကိန်းက လက်ရှိအသင်းက လုံးဝအောင်မြင်တဲ့ ခေတ်တစ်ခု ဖြစ်ပြီး ဆီးမီးဖိုင်နယ် ကို ရောက်ပြီး ဗိုလ်လုပွဲရောက်ရှိနိုင်ရန်အတွက် ပိုမိုအောင်မြင်ရန် တွန်းအားများလိုအပ်ကြောင်း ပြောကြားခဲ့ပါ တယ်။ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ဆီမီးဖိုင်နယ်အဆင့်ကို စတုတ္ထအကြိမ်မြောက် တက်လှမ်း နိုင်ခဲ့တာဖြစ်ပြီး ပထမဆုံးတက်ရောက်နိုင်မှုက ချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၆၆ ပြိုင်ပွဲဖြစ်ပြီး နောက်နှစ်ကြိမ်ကတော့ ၁၉၉၀နဲ့ ၂၀၁၈ ပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဟာရီကိန်းဟာ အခုကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြောက်ဂိုးသွင်းထားပြီး ထိပ်ဆုံးက မက်ဆီ၊ အမ်ဘာပေတို့နဲ့ နှစ်ဂိုး ကွာဟနေပါတယ်။(NVS 008)

14 Jul

ADVERTISE HERE .