“ဧရာဝတီတိုင်းဒေသကြီးမှာ မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်/ချောင်းရေများ မြင့်တက်လာကာ ရေကြီး နိုင်ခြေမြင့်တက်နေ၍ အများပြည်သူအား အရေးပေါ်သတိပေးနှိုးဆော်ထား”

14 Jul

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်ရေနှင့်ချောင်းရေများ မြင့်တက် လာကာ ရေကြီးနိုင်တဲ့အန္တရာယ်ဇုန်သို့ ရောက်ရှိလာနေကြောင်း ဇူလိုင်လ ၁၃ ရက်မှာ တိုင်းဒေသကြီးအစိုးရက အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပါတယ်။ သက်ဆိုင်ရာက မိဘပြည်သူများ၊ လယ်သမားများနှင့် လုပ်ငန်းရှင်များအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်တဲ့ မိုးလေဝသနှင့် မြစ်ရေခန့်မှန်းချက်များကို နေ့စဉ်စောင့်ကြည့်ကြရန် တိုက်တွန်း ထားပါတယ်။ ဒါ့အပြင် ရေနစ်မြုပ်နိုင်ခြေရှိတဲ့ အနိမ့်ပိုင်းဒေသများမှ လယ်ယာသုံးပစ္စည်းများ၊ မျိုးစေ့များနှင့် အဖိုးတန်ပစ္စည်းများကို ကုန်းမြင့်ပိုင်းသို့ ကြိုတင်ရွှေ့ပြောင်းထားရန်၊ သန့်ရှင်းသောသောက်သုံးရေ၊ ရိက္ခာခြောက်နှင့် အရေးပေါ်ဆေးဝါးများကို ကြိုတင်စုဆောင်းထားရန်လည်း အကြံပြုထားပါတယ်။ ဒါ့အပြင် ရေဝင်ရောက်နိုင်တဲ့နေရာများရှိ လျှပ်စစ်မိန်းခလုတ်များနှင့် ဝါယာကြိုးများကို ကြိုတင်စစ်ဆေးပြီး လိုအပ်ပါက လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားရန် သတိပေးထားကာ မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှု အန္တရာယ်ကို အထူးသတိပြု၍ ကြိုတင်ပြင်ဆင်ထားကြရန် ပြည်သူများအား နှိုးဆော်ထားရှိပါတယ်။(NVS 008)

14 Jul

ADVERTISE HERE .