“မင်းလှ-မင်းဘူးရထားလမ်းပိုင်းမှာ ရထားခရီးစဉ်များပြန်လည်ပြေးဆွဲနိုင်ရေး ပြန်လည်သုံးသပ်ရန် နိုင်ငံတော် သမ္မတမှာကြား”

14 Jul

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မြန်မာ့မီးရထားဘူတာရှိ မင်းလှ-မင်းဘူး ရထားလမ်းပိုင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် မင်းလှ-မင်းဘူးရထားလမ်းပိုင်းမှာ ရထားခရီးစဉ် များ ပြန်လည်ပြေးဆွဲနိုင်ရေး ပြန်လည်သုံးသပ်ရန်မှာကြားခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတက ဒေသခံများ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများ ပိုမိုအဆင်ပြေစေရေးအတွက် ရထားခရီးစဉ်များကို ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြန်လည်သုံးသပ်ရန် မှာကြားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မင်းဘူးမြို့၊ ကမ်းနားလမ်း ပြန်လည်ထိန်းသိမ်းဖောက်လုပ်မည့်နေရာတွင် ကမ်းနားလမ်းတစ်လျှောက် လိုအပ်တဲ့ မြစ်ကမ်းပါးထိန်းနံရံများနှင့် တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ထိန်းသိမ်းရန်၊ ကမ်းနားလမ်းကို စနစ်တကျ ပြန်လည်ဖောက်လုပ်ရန်နှင့် ကမ်းနားလူနေရပ်ကွက်များစနစ်တကျဖြစ်စေရေး Town Plan ဖြင့် စနစ်တကျသုံးသပ် ဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။(NVS 008)

14 Jul

ADVERTISE HERE .